ငဖဲ ၁၃ ဖေဖော်ဝါရီ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ် သာယာကုန်းကျေးရွာအုပ်စု၊ စာတတ်ကူကျေးရွာတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းက ရှင်ပြုအလှူမှ ကျွေးမွေးသော အစားအစာကို စားမိရာမှ ကျေးရွာပြည်သူ (၂၀ဝ)ကျော် အစာအဆိပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စာတတ်ကူကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့မနက်ပိုင်းက ကျင်းပပြုလုပ်သော ရှင်ပြုအလှူပွဲ အခမ်းအနားတွင် ဧည့်ခံကျွေးမွေးသော ဒုန်းကြော်၊ ပဲဟင်း၊ ပဲချဉ်၊ ငရုတ်သီးကြော်ကို အလှူပွဲလာရောက်ကြသော ကျေးရွာပြည်သူများက စားသောက်ကြပြီး များမကြာခင် ပြည်သူ(၂၂၆)ဦးခန့် အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါကျေးရွာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော်၊ ပဒါန်းတိုက်နယ် ဆရာဝန် ဒေါက်တာအောင်ကျော်နိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများအဖွဲ့က သွားရောက်ပြီး အချိန်မီ ဆေးကုသဆောင်ရွက် ပေးခဲ့ကြောင်း၊ ပဒါန်းတိုက်နယ် ဆေးရုံတွင် လူနာ-၄၁ ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် သေဆုံးမှုမရှိကြောင်း သိရသည်။
မယု(ငဖဲ)