ငဖဲ နိုဝင်ဘာ ၂၉

           

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက စပ်စီကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

           

ရှေးဦးစွာ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာနရုံးမှ ဒုလဝကမှူး ဦးမျိုးမင်းကျော်က ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရန်ရည်ရွယ်၍  ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးနေမှုများ၊ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိ၊လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း နှင့် ပျောက်ဆုံး/ ပျက်စီးမှု မဖြစ်ပေါ်စေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရန် ပြည်သူများအား အသိပညာပေး ပြောကြားသည်။

           

ထို့နောက် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးမှ ဒုလဝကမှူး ဦးမျိုးမင်းကျော်နှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၆)ကတ်ကို စပ်စီကျေးရွာမှ ပြည်သူ (၂၆)ဦးအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

မယု (ငဖဲ)