ငဖဲ ၁၀ မေ
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံသည် တောင်ပေါ်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးတို့အတွက်၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် သစ်ပင်များ စိုက်ပျိုးရန်အတွက် ကော်ဖီခြံ ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ခြောက်သောင်းကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါပျိုးဥယျာဉ်တွင် ကော်ဖီပင်(၃၀ဝ၀ဝ)၊ မျောက်ငိုပင်(၃၀ဝ၀ဝ)၊ ထောပတ်ပင်(၅၀ဝ၀)နှင့် အရိပ်ရခါတော်မီပင် (၂၀ဝ၀)စုစုပေါင်း (၆၇၀ဝ၀)ပင်ကို ပျိုးထောင်ထားရှိပြီး တောင်ပေါ်ဒေသ တောင်သူများ မိုးအမီစိုက်ပျိုးနိုင်ရေး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကော်ဖီခြံတာဝန်ခံ ဦးဇော်သိန်းထံမှ သိရသည်။
မယု(ငဖဲ)


