ငဖဲ  ၉  ဇန်နဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက   ယခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ(၁၂)ရွာ တို့အား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသည်။

 

ရှေးဦးစွာ ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့က အဖွင့်အမှာစကားပြောကြားပါသည်။

 

ဆက်လက်၍ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ကျေးရွာဖွံ့ဖြိုး ရေးစီမံကိန်း ညွှန်ကြားချက်များ၊ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်မည့် စီမံချက်လုပ်ငန်းများ ရွေးချယ်ရာတွင် လိုက်နာရမည့် အချက်အလက်များနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူကျေးရွာသားများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ငဖဲမြို့နယ်အတွင်း ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ညောင်ကိုင်း၊ သရက်ပင်၊ ထန်ကိုင်း၊ ဇီးတောလေး၊ အောင်းပင်လယ်၊ ကျင်းသီးပေါ်၊ မကျီးကံ၊ ကုန်းသာ၊ ဂုတ်ဝ၊ နောင်၊ စပ်စီ၊ တင်းပြင်းကျေးရွာ (၁၂)မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များထံအား တာဝန်ရှိသူများက စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ စီအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုးမိုးကျော်