ငဖဲ ၂၀ မတ်
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ လက်ဆေးဘေးစင်တစ်ခု တပ်ဆင်ထားရှိပေးထားကြောင်း သိရသည်။
ငဖဲမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးဝန်ထမ်းများ၊ ရုံးသို့အလုပ်ကိစ္စဖြင့်လာရောက်သူများနှင့် လျှပ်စစ်ဓါတ်အားခ လာရောက်ပေးဆောင်သူများ လက်ဆေးသန့်စင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ရုံးအဝင်တွင် လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်နှင့် လက်ဆေးဆပ်ပြာတို့ကို ထားရှိပေးထားပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာအကြံပေးချက် အသိပညာပေးစာစောင်များကိုလည်း ပြသထားရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်ကျော်ကျော်ထံမှ သိရသည်။
မယု(ငဖဲ)


