ငဖဲ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ရုံးမှ မင်းလွင်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက်(၁၈)နှစ်ပြည့် လဲလှယ်၊မိတ္တူပြုလုပ်သူ ဒေသခံပြည်သူ(၃၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၉နာရီခွဲက မင်းလွင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းခင်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးပွားမောင်က ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်(၄)ရပ် အကြောင်းနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးပြောကြားကာ ကျေးရွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)


