ငဖဲ ၈ နိုဝင်ဘာ
မင်းဘူးခရိုင်၊ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာဖတ်သူတိုးပွားရေးအတွက် စာအုပ်စာပေ ချစ်မြတ်နိုးသူများ (Book Club )အသင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းစီစဉ် ကျင်းပသည့် စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်း က စာပေဝါသနာပါသူများအနေဖြင့် အသိပညာဗဟုသုတများအပြန်အလှန်ဆွေးနွေး ပြောကြားတတ်သော အလေ့အထ များဖြစ်ပေါ်လာစေရန် နှင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် (Book Club )အသင်းဥက္ကဌ ဦးသန်းဦးမှ ဦးဆောင်ကာ စာရေးဆရာဖေမြင့် ရေးသားသည့် စဉ်းစားခြင်း စာအုပ်မှ အကျပ်အတည်းကြားမှာ စဉ်းစားကြံဆတတ်သူများ နှင့် ဖောက်ထွက်အတွေးတို့၏ သဘော၊ (Book Club) အသင်းအဖွဲ့ဝင် ဦးမြင့်နိုင် မှ စဉ်းစားကြသည့်အခါစဉ်းစားစရာအတွေးများ နှင့် (Book Club ) အသင်းအဖွဲ့ဝင် ဦးကိုဟိန်း မှ မိမိဘဝနှင့်အများအကျိုးအတွက် စဉ်းစားခြင်းဆိုင်ရာ နည်းနာများကိုရှင်းလင်း ဆွေးနွေးပြီး တက်ရောက်လာသည့် (Book Club)အဖွဲ့ဝင်များ၊ စာပေ ဝါသနာရှင်များ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


