ငဖဲ ၁၁ ဇူလိုင်
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲနှင့် မကွေးတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်နတ်ရေကန် တောင်ပေါ်ကျေးရွာနေ ဒေသခံတောင်သူများထံသို့ ကော်ဖီပျိုးပင်များ၊ အရိပ်ရ ပျိုးပင်များ၊ ကော်ဖီစိုက်ပျိုးရာတွင် သုံးစွဲသည့် မြေကျင်းတူးကိရိယာ၊ ကော်ဖီအချိုဓာတ် တိုင်းကိရိယာ၊ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းကိရိယာများ အိမ်ခြံဝင်းစိုက် ဟင်းသီးဟင်းရွက်ပျိုးပင်များ၊ မျိုးစေ့များ၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သီးနှံပိုးမွှားကာကွယ်ရန် သဘာ၀ပိုးနှင့် ဆေးများပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဘုံးဘောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးဝင်းမော်ဌေး က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးရဲတင့်ထွန်း က မဲခေါင်-လန်ချန်းစီမံကိန်းအကြောင်း၊ နတ်ရေကန်တောင်ပေါ်ဒေသသည် အမြင့်ပေ ၄၀၀၀ ကျော်ရှိ၍ ကုန်းမြင့်ကော်ဖီစိုက်ပျိုးရန် သင့်တော်သဖြင့် အရည်အသွေးမြှင့် ရောင်းတန်းဝင် ကော်ဖီစိုက်ပျိုး ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ကော်ဖီပျိုးပင်များ၊ ကော်ဖီနှင့်တွဲဘက် စိုက်ပျိုးနိုင်သော အရိပ်ရပင်များနှင့် ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးစားသုံးနိုင်ရန်နှင့် အပိုဝင်ငွေရရှိစေရန် အတွက် မှိုမျိုးစေ့ထုတ်များ၊ ဟင်းသီးဟင်းရွက်ပျိုးပင်များ၊ မျိုးစေ့များကို ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ ကော်ဖီရာသီ-သီးနှံဌာနခွဲညွှန်ကြားရေးမှူး ဦးမြင့်ဆွေ မှ ကော်ဖီသီးနှံ ပျိုးပင်နှင့် လုပ်ငန်းသုံးကိရိယာများ ပေးအပ်ရခြင်းနှင့် မကွေးတိုင်းဒေသကြီး ကော်ဖီစိုက်ပျိုး ထုတ်လုပ် သူများ အသင်းဖွဲ့စည်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ကော်ဖီမျိုးသန့်ပျိုးပင်(၆၀၀၀၀)၊ အရိပ်ရပင် (ထောပတ်၊ မျောက်ငို၊ ခါတော်မှီ၊ မက္ကဒေးမီးယား) (၂၀၀၀၀)ပင်၊ ကော်ဖီစိုက်ကျင်းတူးကိရိယာ(Auger-၄ လက်)၊ ကော်ဖီသီးအချိုဓာတ်တိုင်းကိရိယာ(Refractometer)(၁)ခု၊ ကော်ဖီကိုင်းဖြတ်ကတ်ကြေး(၂၀) လက်၊ ကော်ဖီကိုင်းဖြတ်လွှ(၂၀)ခု၊ ကော်ဖီကိုင်းဖြတ်ဓား(၂၀)ခု၊ ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှု လက်စွဲစာစောင်(၃၀)အုပ်၊ ကော်ဖီသီးနှံ GAP Guideline (၃၀)အုပ်၊ Coffee Pamphlet(၃၀)ခု၊ မှိုမျိုးစုံစိုက်ပျိုးထုတ်လုပ်နည်းစာအုပ်(၅)အုပ်၊ မှို Pamphlet(၁၀၀)ခု၊ ငွေနှင်းမှို၊ ကြွက်နားရွက်မှို စိုက်ထုတ် (၁၀၀၀)ထုတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနကလည်း COVID-19 ကုစားမှုအစီအစဉ်အနေဖြင့် တောင်ပေါ်(၁၀)အုပ်စုရှိ ဒေသခံတောင်သူများထံသို့ ဟင်းသီးဟင်းရွက် ပျိုးပင်များအပင်(၃၀၀၀)၊ မျိုးစေ့(၇)မျိုး(၇၀၀)ထုပ်၊ ကွန်ပေါင်းမြေဩဇာ(၂၀)အိတ်၊ သီးနှံပိုးမွှား ကာကွယ်ရန် သဘာ၀ပိုးနှင့်ဆေးများကို သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံတောင်သူများက လက်ခံရယူခဲ့ပြီး တက်ရောက်လာသော တောင်သူများကိုယ်စား ဂုတ်ကြီးကျေးရွာမှ ဆလိုင်းသိန်းမောင် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်


