ငဖဲ   ၁၆   ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အတွင်း မိသားစုတစ်စုတွင် လည်းကောင်း၊ ကျေးရွာများတွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုမဖြစ်ပွားစေရေးနှင့် ကာကွယ်ထိန်းချူပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်ဈေးများအား သန့်ရှင်းရေး ကောင်းမွန်စွာဆောင်ရွက်ရန်နှင့် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်နိုင်ရန်အတွက် ငဖဲမြို့မဈေးနှင့် ပဒါန်းကျေးလက်ဈေးများတွင် ဈေးရောင်းချသည့် ဈေးသည်များအားလုံး ဧပြီ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့ထိ ယာယီပိတ်သိမ်း၍ ဈေးရောင်းချခြင်း မပြုရန်ကြေညာခဲ့ပြီးဖြစ်သည်။

 

သို့သော်လည်း ပြည်သူများအခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ ဝယ်ယူစားသောက်နိုင်ရေးအတွက် ပျံကျဈေးသည်များအား မြို့နယ်အားကစားကွင်းတွင် ဧပြီလ ၁၇ ရက်နေ့မှစ၍ နံနက် ၆ နာရီမှ ၈ နာရီအထိ ယာယီဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဖြစ်ပြီး ဈေးသည်များဈေးဝယ်သူ အားလုံးနှာခေါင်းစည်းတပ်ဆင်ပြီး ဝယ်ယူရောင်းချရန်နှင့် ထုံးစည်းများဖြင့် ၆ပေကြားအကွက်များလမ်းပုံစံချထား စီမံဆောင်ရွက်ပေးထားကြောင်း၊ မြို့ပေါ်ရပ်ကွက်များတွင်လည်း အသံချဲ့စက်ဖြင့်အသိပေးကြေညာပြီး ဖြစ်ကြောင်း ငဖဲမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိဒေါ် မော်မော်လွင် ထံမှသိရသည်။

 

မယု(ငဖဲ)