ငဖဲ အောက်တိုဘာ ၂၂

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား ၈၃၄ ဦးရှိရာ အောက်တိုဘာလ အတွက် ပင်စင်လစာများကို အောက်တိုဘာလ ၂၂ ရက်နေ့မှစတင်၍ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ငဖဲမြို့အတွင်းတွင် မြို့ပြပင်စင်  ၄၁၈ ဦး၊ ကာကွယ်ရေးပင်စင် ၃၁၉ ဦး၊ နိုင်ငံရေးပင်စင် ၉၁ ဦး၊ မြန်မာ့စီးပွားရေး ဘဏ်ပင်စင်  ၅ ဦး၊ ဗဟိုဘဏ်ပင်စင် ၁ ဦး စုစုပေါင်း ၈၃၄ ဦးရှိရာ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက အောက်တိုဘာ ၂၂ ရက် နံနက် ၇ နာရီမှစတင်၍ ညနေ ၁ နာရီအထိ နေ့စဉ် ပင်စင်လစာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)