ငဖဲ စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် အခမဲ့ ဝန်ဆောင်မှုပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီက ချောင်းဖြူကျေးရွာသို့သွားရောက်ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်ဒု -လဝကမှူးဦးငြိမ်းချမ်း နှင့်ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ ၆ (က) (၇)ဦး နှင့် ၃(က)ပြုလုပ်သူ (၄)ဦး စုစုပေါင်း ပြည်သူ (၁၁)ဦးအား အထောက်အထားများ စိစစ်ကာပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် ကျန်ရှိသည့် ကျေးရွာများအရောက် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု (ငဖဲ)