ငဖဲ ၁၇ ဇွန်
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေ များကို မေ ၁၅ ရက်မှစတင်၍ တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာ အုပ်စု ၁၁ အုပ်စုမှ တောင်သူ ၁၁၄၈ ဦးအား ချေးငွေကျပ်သိန်းပေါင်း ၅၇၉၄ သိန်း ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ယခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်းနိုင်ရန်နှင့် စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိသည်။
ငဖဲမြို့နယ်အတွင်း ချေးငွေထုတ်ချေးရန်လျာထားသည့် ကျေးရွာအုပ်စု ၂၃ အုပ်စုမှ တောင်သူ ၂၇၆၇ ဦးတို့ကို ချေးငွေကျပ်သိန်းပေါင်း ၁၄၉၃၅ ဒသမ ၅ သိန်း ထုတ်ချေးပေးရန်လျာထားထားရှိပြီး ကျေးရွာ အုပ်စု ၁၁ အုပ်စုမှ တောင်သူဦးရေ ၁၁၄၈ ဦးအား စပါးစိုက်ဧက ၁၉၁၈ ဧကနှင့် အခြားသီးနှံစိုက်ဧက ၂၉၁၇ ဧကအတွက် ချေးငွေကျပ်သိန်းပေါင်း ၅၇၉၄ သိန်းထုတ်ချေးဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရန် ကျန်ရှိသည့်ကျေးရွာအုပ်စု ၁၂ အုပ်စုမှ တောင်သူများ ကိုလည်း မိုးသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၀ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း လုပ်ငန်းအား ဇူလိုင်လကုန်အထိ အပြီးထုတ်ချေး ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


