မင်းဘူး   ၂၄  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် လယ်ယာထွက်ကုန်သီးနှံများ စျေးကွက်သို့ အချိန်မီတင်ပို့ရောင်းချ နိုင်ရေး အတွက် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်ထံမှ သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ် မူလခွင့်ပြုရန်ပုံငွေ ကျပ် ၂၁ သန်းဖြင့် အရှည်ပေ ၆၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ မြေနီကျောက်စရစ် ခင်းခြင်းနှင့် အဆိုပါလမ်းပေါ် ရေပြွန် ၄ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 


အဆိုပါ ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ငဖဲမြို့နယ် ပေါက်ရင်းကုန်းကျေးရွာနှင့် အနီးဝန်းကျင်မှ စိုက်ပျိုးလယ်ဧက ၆၀၀ ခန့်မှ ထွက်ရှိသော လယ်ယာထွက်ကုန်သီးနှံများအတွက် အကျိုးပြုမည် ဖြစ်ကြောင်း သိရသည်။

 

သူရိန်(မင်းဘူး)