ငဖဲ ၁၁ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် ပဉ္စမအကြိမ် ထောက်ပံငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ငဖဲမြို့နယ် အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင်ငဖဲမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူးဦးဆန်းထွန်းက နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တိကျမှန်ကန်မှု ရှိစေရန်နှင့် အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ဌာနဆိုင်ရာ အကြီးအကဲများက ရပ်/ကျေးအုပ်ချူပ်ရေးမှူးများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ရှင်းလင်း ပြောကြားသည်။
ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား လတ်တလော အဆင်ပြေစေရေးအတွက် အိမ်ထောင်စု တစ်စုလျှင်ထောက်ပံ့ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် ပုံမှန်ဝင်ငွေမရှိသော ရပ်ကွက်/ကျေးရွာအုပ်စု ၃၃ အုပ်စုမှ အိမ်ထောင်စု (၅၃၈၂)စုတို့အတွက် ငွေကျပ်သိန်းပေါင်း (၁၀၇၆) ကျော်ကို ဌာနဆိုင်ရာ အကြီးအကဲများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာများသို့ သွားရောက်ပြီးပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေများကို ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)


