ငဖဲ  ၅  မတ် 

 

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ကျောက်ဆုံကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက စက်ရေတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

896523

 

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဆုံကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် အလျား ၅ ပေ၊ အနံ ၅ ပေ၊ အမြင့် ၇ ပေရှိ ရေစက်ရုံနှင့် ဂါလံ ၅၀ဝ၀ ဆံ့ အုတ်ရေကန်၊ မြင်းကောင်ရေ ၂၂ ကောင်အားရှိ အင်ဂျင်နှင့် ပန့်တပ်ဆင်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း အရှည်ပေ ၁၅၅၀ သွယ်တန်းခြင်းလုပ်ငန်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ဝ၃ သန်းဖြင့်  ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်း ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၄၇ အိမ် လူဦးရေ ၁၅၉ ဦးခန့်အား အကျိုးပြုမည်ဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင်က ပြောသည်။

 

"ယင်းကျောက်ဆုံကျေးရွာသည် ငဖဲမြို့၏ အရှေ့တောင်ဘက် ၂၀ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၄၇ အိမ် လူဦးရေ ၁၅၉ ဦးခန့်နေထိုင်ကာ သောက်သုံးရေအခက်အခဲရှိသဖြင့် ယခုလို မြေသားရေကန်ထဲမှ ရေကို စက်ရေတင်စနစ်ဖြင့် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်"ဟု ကျောက်က်ဆုံ ကျေးရွာနေ ဦးဝင်းကြည်ထံက ပြောသည်။

 

သူရိန်(မင်းဘူး)