ငဖဲမြို့နယ်၌ တရားမဝင် ဝင်ရောက်သူ  ၆  ဦးနှင့် ပို့ဆောင်သူ  နှစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော် ၁၀  ဖေဖော်ဝါရီ 

 

ငဖဲမြို့နယ် စစ်တွေ-အမ်း-ပဒါန်းကားလမ်းရှိ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖေဖော်ဝါရီ ၉ ရက် ညနေ ၅ နာရီခွဲခန့်တွင် စစ်တွေမှ ရန်ကုန်သို့ မောင်းနှင်လာသော 2H/---- Express “ရိုးမမန္တလာ” ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ပြီး ယာဉ်ပေါ်မှတရားမဝင် ဝင်ရောက်လာသူ  ၆ ဦးနှင့် ပို့ဆောင်သူ  နှစ်ဦးတို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

 

အဆိုပါယာဉ်ပေါ်မှ ယာဉ်မောင်းအကူ ဟန်ဝင်းအောင် (ဘ)ဦးသန်းအောင်၊ မရိုးခုံ ကျေးရွာ၊ ရေတာရှည်မြို့နယ်နေသူနှင့် ညီညီထွန်း (ဘ)ဦးတင်မြ၊ မင်းဂံရပ်ကွက်၊ စစ်တွေ မြို့နေသူတို့ နှစ်ဦးအား စစ်တွေမြို့နယ် ခေါင်းတုတ်ကျေးရွာနေ ဟူဆောင်းနာမောက် အပါအဝင် အမျိုးသား နှစ်ဦး၊ အမျိုးသမီး လေးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အခကြေး ငွေရယူပြီး တရားမဝင်တင်ဆောင်လာသူ ဟန်ဝင်းအောင်ပါ နှစ်ဦးနှင့် တိမ်းရှောင် တရားခံ ယာဉ်မောင်းကျော်စိုးတို့အား ပဒါန်းနယ်မြေရဲစခန်း၌ အမှုဖွင့်ထားပြီး တရားမဝင် ဝင်ရောက် သူ  ၆  ဦးအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက စစ်ဆေး၍ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

(သတင်းစဉ်)