ငဖဲ ၁၆ ဇွန်
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပညာရေးဌာန၏ အခြေခံပညာကျောင်း ၉ ကျောင်းအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှ စတင်ပြီး ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ငဖဲမြို့နယ်အတွင်းရှိ ကျောင်းအဆင့်တိုးမြှင့်လိုက်သော အခြေခံပညာကျောင်းများမှာ မြေလတ် ကိုယ်ထူကိုယ်ထကျောင်းမှ မူလတန်းကျောင်း(ခွဲ)အဖြစ်လည်းကောင်း၊ ဂုတ်စီးရိုး၊ ရေဖြူ မူလတန်းကျောင်း (ခွဲ) ၂ ကျောင်းကို မူလတန်းကျောင်းအဖြစ် လည်းကောင်း၊ မန်းဆုံ၊ ပဘဲ မူလတန်းကျောင်း ၂ကျောင်းကို မူလတန်း (လွန်)ကျောင်းအဖြစ် လည်းကောင်း၊ ငရံ့ချောင်း၊ ကံပေါက် မူလတန်း(လွန်)ကျောင်း ၂ကျောင်းကို အလယ်တန်းကျောင်း(ခွဲ)အဖြစ် လည်းကောင်း၊ ဇီးတော အလယ် တန်းကျောင်း(ခွဲ)မှ အလယ်တန်း ကျောင်းအဖြစ်လည်းကောင်း၊ ဂုတ်ကြီးအထက်တန်းကျောင်း(ခွဲ)ကို အထက်တန်းကျောင်းအဖြစ် လည်းကောင်း စုစုပေါင်းကျောင်း ၉ ကျောင်းအား ကျောင်းအဆင့်တိုးမြှင့်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)


