ငဖဲ   မေ ၆

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့လယ်လမ်းဆုံနေရာနှင့် လူစည်ကားရာ ငဖဲမြို့မဈေးတို့တွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ငဖဲမြို့မဈေးတွင်း ဈေးရောင်း/ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်များ ပြည်တွင်းကူးစက်မှုများရှိလာ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ လူစုလူဝေးနေရာများသို့ သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ရှားရန်၊  နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း(mask)ကို စနစ်တကျ တပ်ဆင်သွားလာရန် အသိပညာပေးပြောကြားပြီး ပါးစပ်နှာခေါင်းစည်း (mask)  ၁၀၀၀ ခုကို  အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)