ငဖဲ ၂၆  နိုဝင်ဘာ

 

မင်းဘူးခရိုင်၊ငဖဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ကိုယ်အင်္ဂါမသန်စွမ်းသူ (ထပ်တိုး)များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပေးပို့သော ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းထွန်း နှင့် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်တို့က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကိုယ်အင်္ဂါမသန်စွမ်းသူ (၁၉၄)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၅၈၂၀ဝ၀ဝ ကိုတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)