ငဖဲ ၁၀ ဖေဖော်ဝါရီ
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးတွင် ကလေးငယ် ၂၇၅ ဦးအား တိုက်ကျွေးပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဗီတာမင်အေဆေးလုံးများကို အသက် ၉ လမှ ၅ နှစ်အထိ ကလေးငယ်များအား လည်းကောင်း၊ သံချဆေးလုံးများကို အသက် နှစ်နှစ်အထက် ကလေးငယ်များအား လည်းကောင်း၊ စာသင်ကျောင်းများတွင် KG တန်းမှ ၁၀ တန်းအထိ ကျောင်းသား ကျောင်းသူများအား မြို့ပေါ်နှင့် ကျေးရွာစာသင်ကျောင်းများတွင် တစ်ပြိုင်နက် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများ အချိန်မှန်၊ အကြိမ်ပြည့် ထိုးနှံတိုက်ကျွေးပေးခြင်းဖြင့် မျက်စိကျန်းမာရေးနှင့် အမြင်အာရုံကောင်းမွန်စေခြင်း၊ ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးခြင်း၊ ကလေးများ သန်ကောင်ရောဂါမှ ကင်းဝေးခြင်း အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)