ငဖဲ   ၁၈  ဧပြီ

 

မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချူပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချူပ်ရေး ကော်မတီမှ ဦးဆောင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၁၇ ရက်နေ့ ညနေပိုင်းတွင် ငဖဲမြို့ပေါ်ရပ်ကွက်ရှိ မဟာသမယာရာမိကပဋိယတ္တိကျောင်း သစ်ကျောင်း၊ မြို့မကျောင်း၊ ကံသစ်ကျောင်း၊ ကျောင်းတွင်းကျောင်းနှင့် ရောင်ခြည်ဦး ဘုန်းတော်ကြီးကျောင်းတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် ပိုးသတ်ဆေးများဖျန်းပေးခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)