ငဖဲ ၁၇ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်ခန်းမတွင် မြို့နယ်စာပေဟောပြောပွဲ ဖြစ်မြောက်ရေးကော်မတီမှ ဦးစီးကျင်းပသည့် ပြည်သူလူထုအကျိုးပြု စာပေဟော ပြောပွဲကို ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီက စတင်ကျင်းပခဲ့သည်။
စာပေဟောပြောပွဲတွင် စာရေးဆရာညီပုလေးက ဝထ္ထုတိုအရသာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ ဂျိူဇော်က ဝထ္ထုကဗျာချစ်စရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ နေဝင်းမြင့်က ကျွန်တော်တို့ငယ်ငယ်က ခေါင်းစဉ်ဖြင့်လည်းကောင်း စာပေဗဟုသုတများကို အသီးသီးဟောပြောကြသည်။
ထို့နောက် စာရေးဆရာညီပုလေး၊ စာရေးဆရာဂျိူဇော်နှင့် စာရေးဆရာ နေဝင်းမြင့် တို့အား အမှတ်တရ လက်ဆောင်ပစ္စည်းနှင့် ပုံတူပန်းချီကားကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

အဆိုပါစာပေဟောပြောပွဲသည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်၍ စာပေဟောပြောပွဲသို့ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိုးမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ငဖဲမြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာများမှ စာပေစိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)
