သံတွဲ  ၁၂  အောက်တိုဘာ

 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ငပလီကမ်းခြေတွင် သီတင်းကျွတ်ပွဲတော်ရုံးပိတ်ရက် ဖြစ်သည့် အောက်တိုဘာ ၁၂ ရက်တွင် အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း တွေ့ရသည်။

 

ယခုနှစ် သီတင်းကျွတ်ပွဲတော်ရုံးပိတ်ရက် ကာလအတွင်းစိမ်းစိုသော အုန်းတောများနှင့်  ကြည်လင်ပြာလဲ့နေသည့် ငပလီကမ်းခြေတွင် ရခိုင်ဒေသထွက် ပစ္စည်းအရောင်းဆိုင်များ၊ ရခိုင်ဒေသထွက် အစားအစာ အရောင်းဆိုင်များ၊ ဈေးနှုန်းသက်သာသည့် တည်းခိုခန်းများတွင် အေးချမ်းသာယာစွာတည်းခိုနေထိုင်နိုင်ခြင်းတို့ကြောင့် ယခုလို နှစ်စဉ်နှစ်တိုင်း ငပလီကမ်းခြေသို့ သီတင်းကျွတ်ပွဲတော်ရုံးပိတ်ရက်တိုင်း သူငယ်ချင်းများ မိသားစုများ စုပေါင်း၍ အနားယူအပန်းဖြေရန် လာရောက်လျက်ရှိကြောင်း ရန်ကုန်မြို့မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုအောင်ကိုဝင်းက ပြောကြားသည်။

 

သန့်ဇင် (ခရိုင်ပြန်/ဆက်)

 

mdn