နေပြည်တော်   ၁၄  ဧပြီ

 

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်က ငပလီမြို့၊ မြပြင်ရပ်ကွက်နေ ထွန်းထွန်း(ခ) ဇော်မင်း(၄၃)နှစ်၏ နေအိမ်ထုပ်တန်းပေါ်မှ အရှည် ၃ ပေခန့်ရှိ သစ်သားဖြင့် ပြုလုပ်ထားသော လေသေနတ် ၁ လက်၊ ဘောစေ့ အလုံး ၅၀ တို့အား တွေ့ရှိ၍ စစ်မေးရာ လွန်ခဲ့သော ၆ ရက်ခန့်က မြောက်ဦးမြို့နယ်၊ တောင်းဒွတ်ကျေးရွာနေ ဇော်မျိုးသန်း(ခ) အောင်ဝင်းစိန်(၄၂)နှစ်ထံမှ ငှက်ပစ်ရန် ယူဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ၎င်းတို့(၂)ဦးအား ဂျိတ္တောနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။

 

MDN

 

mdn