ငပလီမြို့တွင် (U-16) ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ကျင်းပ

ငပလီ ၂၁ မတ်

 

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား/ကျောင်းသူများအနေဖြင့် ကာယစွမ်းရည်ဖွံဖြိုးလာစေ ရန်နှင့် အားကစားစိတ်ဓာတ် ရှင်သန်လာစေရေးရည်ရွယ်ချက်ဖြင့် လင်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးဖလား (U-16) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကို ငပလီမြို့၊ လင်းသာရပ်ကွက်၊ အထက(ခွဲ)ကျောင်းကွင်းတွင် မတ်လ (၂၀) ရက်နေ့ ညနေ (၄)နာရီအချိန်တွင် ကျင်ပပြုခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ငပလီမြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်မှအဖွင့်အမှာစကားပြောကြားရာ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် အနိုင်ရရှိရေးအတွက် အသင်းလိုက် စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်သော်လည်း ခိုက်ရန်မဖြစ်ပွားစေရေးအတွက် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်သွား ရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။ အဆိုပါပြိုင်ပွဲသို့သံတွဲမြို့နယ်နှင့် ငပလီမြို့မှ စုစုပေါင်းအသင်း(၁၂) သင်း ပါဝင်ယှဉ်ပြိုင်လာကြပြီး ပြိုင်ပွဲကာလကို မတ်လ(၂၀) ရက်နေ့မှ ဧပြီ (၄) ရက်နေ့ထိယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းနှင့် ဆုရရှိအသင်းသားများကို ဧပြီလ (၄) ရက်နေ့တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းထံမှ သိရသည်။

 

ရန်ငြိမ်း ( ပြန်/ဆက်)

 

photo