ပုသိမ်  ၂၃  ဒီဇင်ဘာ

ငါးပုဇွန်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ထုတ်လုပ်နိုင်ရေး ပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ရုံးခန်းမတွင်  ပြုလုပ်ခဲ့သည်။

 

5239

 

သင်တန်းဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဠ်လွင်၊ ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်ရုံးချုပ်)မှ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းလဲ့၊ တိုင်း၊ ခရိုင် ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်း ငါးပုဇွန် ရေလုပ်ငန်းရှင်များ၊ ငပိငါးခြောက်၊ ငံပြာရည်လုပ်ငန်းရှင်များ ရေလုပ်သားများ တက်ရောက်ခဲ့သည်။

သင်တန်းတွင် ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဠ်လွင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ ကျားဖောင်လုပ်ငန်းနှင့် ကျားဖောင်ရေလုပ်သားများတွင် လူကုန်ကူမှုနှင့် လုပ်အားခေါင်းပုံဖြတ်မှု ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်ရုံးချုပ်)မှ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းလဲ့က ငါးပုဇွန်ပြုပြင်ထုတ်လုပ်ရာတွင် ဘေးအန္တရယ်ကင်းရှင်းစွာ ထုပ်လုပ်နိုင်သည့် စနစ်များ၊ အစားအ‌သောင်ထုတ်လုပ်ရာတွင် အန္တရာယ်ဖြစ်နိုင်သည့် ဘေးအန္တရယ်ကို စိစစ်ဖော်ထုတ်ပြီး ထိန်းချုပ် ဆောင်ရွက်နည်း၊ ကောင်းမွန်သော ထိန်းချုပ်မှုကျင့်စဉ်နှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာစံနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ခေါင်စဉ်များဖြင့် အသိပညာပေး ပို့ချခဲ့သည်။

အဆိုပါသင်တန်းကို နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနနှင့် Mekong LancangCooperation တို့ ပူးပေါင်း၍ ငါးပုဇွန်ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများအနေဖြင့် ငါးပုဇွန်ဖြင့် အစားအသောက်များ ထုတ်လုပ်ရောင်ချရာတွင် ဘေးအန္တရာယ်ကင်းစွာ စီးပွားဖြစ်ထုပ်လုပ်နိုင်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းကို တစ်ရက်တာဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၁၂၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်ဟန်(ခရိုင်ပြန်/ဆက်)