ငပုတော    ၃၁    ဇူလိုင်     


ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် အတွင်း၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အပါအဝင် အခြေခံပညာကျောင်းပေါင်း ၃၈၀ ရှိသည့်အနက်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် သင်ယူခွင့်ရရှိသော အခြေခံပညာကျောင်းပေါင်း ၄၀ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။


ငပုတောမြို့နယ် အတွင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အ.ထ.က(ခွဲ)မှ အ.ထ.ကသို့ အဆင့်တိုး(၂)ကျောင်း၊ အ.လ.ကမှအ.ထ.က(ခွဲ)သို့အဆင့်တိုး(၃)ကျောင်း၊ အ.လ.က(ခွဲ)မှအ.လ.ကသို့ အဆင့်တိုး(၁၇)ကျောင်း၊ မူလွန်မှအ.လ.က(ခွဲ)သို့ အဆင့်တိုး (၂)ကျောင်း၊ အ.မ.ကမှမူလွန်သို့ အဆင့်တိုး(၉)ကျောင်း၊ အ.မ.က(ခွဲ)မှအ.မ.က သို့ အဆင့်တိုး(၂)ကျောင်း၊ ကိုယ့်အားကိုယ်ကိုးမှ အ.မ.ကသို့ အဆင့်တိုး(၅)ကျောင်းရှိပြီး အခြေခံပညာကျောင်းပေါင်း(၄၀) အဆင့်တိုးမြှင့် သင်ယူခွင့် ရရှိခဲ့သည်။


လှမင်းထွဋ်(ပြန်/ဆက်)