ငပုတော ၊ ၂၇ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်များ အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးနေထက်ရှိန်နှင့် ခရိုင်၊ မြို့နယ် တာဝန်ရှိသူများက ငပုတောမြို့နယ် သမ္မာဒေဝကျေးရွာ၌ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း ကော်မတီဝင်များနှင့်တွေ့ဆုံပြီး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ အဆိုပါ ကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့် ဆိုလာမီးလင်းရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ ရေသန့်စင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးရာ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး လိုအပ်သည်များကို လမ်းညွှန်းမှာကြားခဲ့ကြောင်း သိရသည်။
စိုးမိုးကျော်


