ငပုတော ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ဓာတ်မြေသြဇာပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ငပုတောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သည့် အုန်းပင်စုကျေးရွာအုပ်စုရှိ သက္ကယ်ချောင်း-အုန်းပင်စုလမ်း အရှည် ၅၂၈၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၇ ပေ ကွန်ကရစ်လမ်းသစ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် မြို့တွင်းဥယျာဉ်ကုန်းလမ်းရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အရှည် ၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အရှည် ၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အရှည် ၅၃၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ စုစုပေါင်း လမ်းအရှည် ၁၁၃၀ ပေ ကွန်ကရစ်လမ်းသစ်တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် အုန်းပင်စုကျေးရွာအုပ်စု၊ ကံစုကျေးရွာ၌ ပြုလုပ်သည့် ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး တောင်သူ ၃၀ အား ဓာတ်မြေသြဇာ ၅၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားများသို့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ငပုတော(ပြန်/ဆက်)