နေပြည်တော် ဖေဖော်ဝါရီ ၂၀
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိနားလည်ပြီး အသိပညာဗဟုသုတ ရရှိနိုင်စေရန် ရည်ရွယ်ချက်များနှင့် သဘင်ပညာရှင်များ၏ အနုပညာ ရသစွမ်းရည်များ ဖော်ထုတ်ပြသမည့် “ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက် ဇာတ်လမ်းများ”အစီအစဉ် ဆန်းသစ်တင်ဆက်မှုကို အပတ်စဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိသည်။
ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက် ဇာတ်လမ်းများ အစီအစဉ်တွင် “ကလျာဏဇာတ်တော်”ကို ဖော်ပြထားသည့် “ကောင်းသောအသံကို မကွယ်စေတတ်သောနိမိတ်” အပိုင်း(၁)ကို နန်းတော်ရှေ့ဆရာတင်၏မျိုးဆက် သဘင်ပညာရှင် ဦးနန်းဝင်းက ရေးသားပူဇော်ပြီး အောင်ရေချမ်း၊ သဲဆုဇော်၊ ထက်မြတ်အောင်၊ ရန်ရှင်းမောင်၊ ပန်းကဗျာ၊ အောင်သွေးသစ်၊ လင်းမြတ်အောင်၊ ပန်းအိစံ၊ ပိုးပိုးအိမ်နှင့် ရွှေနန်းသဘင်အဖွဲ့သားများ ပါဝင်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။၊
အဆိုပါ အစီအစဉ်အပိုင်း(၁)ကို MRTV-HD Channel မှ ဖေဖော်ဝါရီ ၂၁ ရက်(စနေနေ့) ည ၉ နာရီတွင် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်(ဗုဒ္ဓဟူးနေ့) ည ၉ နာရီတွင်လည်း Replay ထပ်မံ ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


