မြင်းခြံ  ၅ ဇွန်

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်ရိုးတစ်လျှောက် ငါးရစ်ငါးသန် တားမြစ်ကာလအတွင်း ငါးဖမ်းဆီးမှု မရှိစေရေး၊ တားမြစ်ငါးဖမ်းကိရိယာ၊ ငါးဖမ်းနည်း (ဘက်ထရီကျင်စက်၊ မိုင်းခွဲ၊ အဆိပ်ချခြင်း)ဖြင့် ငါးဖမ်းဆီးခြင်းမရှိစေရန် ကွင်းဆင်းစစ်ဆေးပြီး ရေလုပ်သားများအား ငါးသယံဇတထိန်းသိမ်းရေး လက်ကမ်း စာဆောင်များ ဖြန့်ဝေပေးခြင်းနှင့် မြစ်အတွင်း ငါးဖမ်းပိုက်(၃၉)လက်အားပိုင်ရှင်မဲ့သိမ်း ဆည်းရမိခဲ့ပါသည်။

 

ကွင်းဆင်းဆောင်ရွက်နေစဉ် မြင်းခြံမြို့နယ် သပြေသာကျေးရွာနှင့် တောင်သာမြို့နယ် သာပေါင်းလေးရွာတို့မှ တာဝန်သိရေလုပ်သား(၂၀)ကျော်လည်း ပူးပေါင်းပါဝင်ကူညီခဲ့ပါ ကြောင်း သတင်းရရှိသည်။

MDN