ပန်းတနော် ၂၂ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မင်းတစုကျေးရွာနှင့် ရွှေလှေကျေးရွာရှိ အင်းအတွင်း ငါးသယံဇာတထိန်းသိမ်းရေးအတွက် ငါးရစ်ငါးများနှင့် ငါးသားပေါက်များ ဖမ်းဆီးခြင်း မပြုလုပ်ကြရန် ယနေ့နံနက်ပိုင်းက  ကွင်းဆင်းအသိပညာပေးပြီး ဖမ်းဆီးပါက ရေချိုငါးလုပ်ငန်း ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးသယံဇာတ ထိန်းသိမ်းရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ငါးရစ်ငါးသန် ရာသီချိန်များတွင် ငါးရစ်ငါးများ လွတ်လပ်စွာ ဥချသားပေါက်နိုင်ရေး ငါးသားပေါက်များ ဆက်လက်ရှင်သန်နိုင်ရေးတို့အတွက် ငါးရစ်ငါးများနှင့် ငါးသားပေါက်များကို ဖမ်းဆီးခြင်းများ မပြုလုပ်ကြရန် ကွင်းဆင်းအသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)