ရေကြည်  ၂၈  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် နဂါးရစ်တောင် ဓမ္မပါလကျောင်းတော်ရာ ၌ အောက်တိုဘာ ၂၈ ရက် အများပြည်သူရုံးပိတ်ရက်၌ အနယ်နယ်အရပ်ရပ်က ဘုရားဖူးများဖြင့် စည်ကားနေကြောင်း သိရသည်။

 

"နဂါးရစ်တောင်ဆိုပြီးကြားဖူးနေတာကြာပါပြီ။အခုမှပဲရောက်ဖူးတာပါ ကျွန်တော်တို့ ဘုရားဖူး အဖွဲ့က ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ကနေဘုရားလာဖူးခြင်းဖြစ်ပါတယ်။ ကျောင်းတော် အဝင်းအဝိုင်းကို စရောက်ကတည်းက ဘုရားရိပ်တရားရိပ်နဲ့အေးချမ်းနေပါတယ်လို့ ဘုရားဖူးလာ ပြည်သူတစ်ဦးက ပြောသည်။

 

နဂါးရစ်တောင်ဘုရားဖူးလာပြည်သူများက ဆရာတော်ကြီး၏ ဂါထာမန္တန်များဖြင့်ပြုလုပ်ထားသော လက်စွပ် ဆွဲသီးများနှင့် အခြားပစ္စည်းများကို ဝယ်ယူပူဇော်နေကြပြီး ရွှေသင်္ကန်းကပ်လှူ ပူဇော်သူများဖြင့် စည်ကားနေကြောင်း သိရသည်။

 

ချစ်သက်လယ် (ပြန်/ဆက်)