ငရုတ်ကောင်း   ဒီဇင်ဘာ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ (၁)ရပ်ကွက်၊ ဓမ္မိကာရုံကျောင်းတိုက်ဝင်းရှိ အာသောကမုနိစေတီတော်မြတ်အား ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့်ဝန်ထမ်းများ၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက အမှိုက်များ ရှင်းလင်းခြင်း၊ ရေဆေးခြင်း၊ ရေညှိများ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)