ငရုတ်ကောင်း     ဧပြီ     ၁

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဧပြီ ၁ ရက် နံနက် ၉ နာရီက အေးချမ်းစွာဖြေဆိုခဲ့ကြသည်။

 

ငရုတ်ကောင်းမြို့စာစစ်ဌာန၌ အင်္ဂလိပ်စာဘာသာရပ် ဝင်ရောက်ဖြေဆိုသူ ကျောင်းဖြေ ၇၅ ဦးနှင့် ပြင်ပဖြေ ၁၇ ဦး စုစုပေါင်းဖြေဆိုသူ ၉၂ ဦးရှိကြောင်း ငရုတ်ကောင်းမြို့စာစစ်ဌာနမှ သိရသည်။

 

ပြုံးမောင်မောင်(ငရုတ်ကောင်း)