ငရုတ်ကောင်း ၁၀ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ကျေးလက်ကျန်းမာရေး ဦးစီးဌာနတွင် ယနေ့ နံနက် ၁၁ နာရီ က ကိုရိုနာဗိုင်းရပ်စ်(ဝူဟန်)ပြင်းထန်အဆုပ်ရောင်ရောဂါပညာပေး ဟောပြောပွဲနှင့်( ၅ )နှစ်အောက် ကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဟောပြောပွဲတွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်(၁)ဆရာဦးဟန်ဇော်ထွန်းက ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ကာကွယ်ပုံအဆင့်ဆင့်နှင့် နေထိုင်မှုစနစ်ကို ဟောပြောခဲ့သည်။
ပြီးနောက် ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက(၅)နှစ်အောက် ကလေးငယ်များကို ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့်သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)