ငရုတ်ကောင်း  ၁၅   ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ (COVID-19) ထိန်းချုပ်ရေးအတွက် နိုင်ငံ တော်အစိုးရ၏ ပံ့ပိုးမှုဖြင့် သင်္ကြန်ကာလအတွင်း ငရုတ်ကောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန် ၅ မျိုးကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

2137

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကျေးရွာအုပ်စု ၁၁ ခုနှင့် ရပ်ကွက်၂ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၃၆၅၃စုအား ဆန်၁၂၁၇အိတ်နှင့်၁၆ပြည်၊ ဆီ ၁၈၂၆ ပိဿာနှင့် ၅၀ကျပ်သား၊ ဆား ၁၈၂၆ ပိဿာနှင့် ၅၀ ကျပ်သား၊ ကြက်သွန်နီ ၃၆၅၃ ပိဿာနှင့် ပဲ ၃၆၅၃ ပိဿာများကို ကျေးရွာအုပ်စုများအလိုက် ခွဲဝေပေးခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်းလင်းက ပြောကြားခဲ့သည်။

 

ပြုံးမောင်မောင်(ပြန်/ဆက်)

 

716