ငရုတ်ကောင်း ၂၉ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်(COVID-19) ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး ဆွေးနွေးပွဲကို မတ် ၂၈ ရက် ညနေပိုင်းက မြို့တော်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အဆင်ပြေရေးအတွက် ဒေသန္တရအမိန့် ထုတ်ပြန်ရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အကြောင်းများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေနှင့် မြို့အဆင့် (COVID-19) ကာကွယ်ရေးလုပ်ငန်း ကော်မတီဝင်တို့က နေရပ်ပြန်လာသူများအား ထားရှိမည့် (Facility Quarantine) အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)


