ငါးသိုင်းချောင်း ၆ မတ် 


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ပညာရေးဇုန်နယ်မြေအတွင်း (အထက)ငါးသိုင်းချောင်း၊ (အထက) ကုန်းပြင်နှင့် (အထက)ကမ်းနီဟူ၍ စာစစ်ဌာန(၃)ခုဖွင့်လှစ်ခဲ့ပြီး မတ်လ ၆ ရက်နေ့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆိုလျက် ရှိသည်။


(အထက)ငါးသိုင်းချောင်းစာစစ်ဌာန၌ အထက ငါးသိုင်းချောင်း၊ အထက(ခွဲ) ကွင်းလျားနှင့် ပြင်ပဖြေဆိုသူ စုစုပေါင်း စာရင်းရှိဦးရေ (၇၈၀) ဖြစ်ရာ ယနေ့နံနက်ပိုင်း စာမေးပွဲ ပထမနေ့တွင် ဖြေဆိုသူစုစုပေါင်း (၇၃၂)ဦးသာရှိပြီး ပျက်ကွက်သူ (၄၈)ဦးရှိကြောင်း သိရသည်။

 

1


မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများကလည်း ပညာရေးဌာနနှင့် ပူးပေါင်း၍ စာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး၊ မီးဘေးလုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုချက်များကို ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


စိုးမင်းဦး(ပြန်/ဆက်)

 

1