ငါးသိုင်းချောင်း ၁၁ ဧပြီ

 

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်အတွင်း၌ ဧပြီ ၁၁ ရက် ညနေပိုင်းက ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စု (၃၀၀)စုအတွက် နိုင်ငံတော်မှထောက်ပံ့သော အ‌ခြေခံစားသောက်ကုန် (၅)မျိုးအား သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာ‌ရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေး၊ မြို့‌ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ရပ်ကွက်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ မြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များက အောင်ဆန်းရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်‌ငွေမရရှိသော အိမ်ထောင်စုဝင်များ၏ နေအိမ်များသို့ လိုက်လံ၍ အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစားသောက်ကုန် (၅)မျိုးဖြစ်သည့် ဆန်(၈)ပြည်၊ ဆီ (၅၀)ကျပ်သား၊ ကုလားပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ (၁)ပိဿာတို့အား လိုက်လံဝေငှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ငါးသိုင်းချောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃၈)စုတွင် ပုံမှန်ဝင်ငွေမရရှိသော အိမ်ထောင်စုစာရင်းပြုစုပြီး စုစုပေါင်း (၉၄၅၅)စုရှိရာ နိုင်ငံတော်မှ ထောက်ပံ့သော အခြေခံစားသောက်ကုန် (၅)မျိုးအား ဆက်လက်‌ထောက်ပံ့ဝေငှ‌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)