ငါးသိုင်းချောင်း  ၁၉  ဖေဖော်ဝါရီ

 

ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ အစီအစဉ်ဖြင့် အ-ထ-က ငါးသိုင်းချောင်း ကျောင်းခန်းမ၌ အမှိုက်စွန့်ပစ်မှုအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

253

 

ထို့နောက်  မြို့စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးခင်ညွန့်နှင့် (အထက)ငါးသိုင်း‌ချောင်း ကျောင်းအုပ် ဆရာကြီး ဦးကျော်နိုင်တို့က အသိပညာပေးဟောပြောပွဲစီစဉ် ကျင်းပရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားပြီး မြို့စည်ပင်သာယာရေးအဖွဲ့၊ အငယ်တန်း အင်ဂျင်နီယာ(၂) ဦးဖြိုးလင်းဇော်က စွန့်ပစ်အမှိုက် အမျိုးအစားများနှင့် စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း အကြောင်းအရာ များကို ပရိုဂျက်တာဖြင့် ပြသရှင်းလင်း အသိပညာပေး ဟောပြောပေးခဲ့သည်။

 

5820

 

ဆက်လက်၍ အခမ်းအနားတက်ရောက်လာသော ကျောင်းသားကျောင်းသူများအား အမှိုက်စွန့်ပစ် ခြင်းနှင့် ပတ်သက်၍ဉာဏ်စမ်းမေးခွန်းများ‌‌ဖြေဆိုစေခြင်း၊ ဆောင်ပုဒ်ဆက်ပြိုင်ပွဲ၊ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်း ပြိုင်ပွဲနှင့် စနစ်တကျ အမှိုက်စွန့်ပစ်နည်း ပြိုင်ပွဲအစရှိသည့် ဂိမ်းပြိုင်ပွဲများကို လက်တွေ့ ကျင်းပခဲ့သည်။

 

ယင်းနောက် ဆုရကျောင်းသားကျောင်းသူများအား မြို့စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)

 

963.