ငါးသိုင်းချောင်း ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ တိုက်နယ်ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၂၅ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ (၄၅)ဦး ဆေးကုသမှုခံယူလျက်ရှိရာ မြို့သစ်ရပ်ကွက်၊ ရိုးကြီး(၁)လမ်းနေ ဦးမြင့်မောင်+ဒေါ်စောသိန်း (မိသားစု)မှ ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၅)ဦးတို့အတွက် တစ်နေ့တာ စားသောက်ဖွယ်အာဟာရများကို လှူဒါန်းခဲ့သည်။
ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ၊ စေတနာရှင်၊ အလှူရှင်ပြည်သူများ စုပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


