ငါးသိုင်းချောင်း ဧပြီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-ထ-ကကျောင်းရှိ နိုဝင်ဘာလအတွင်းအသက် ၁၂ နှစ်ပြည့်ပြီးစာရင်းရှိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)ကို မတ်လ ၄ ရက်နှင့် ၁၅ရက်များတွင် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယနေ့ဧပြီလ ၁၀ ရက် နံနက်ပိုင်းက ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ဆေးထိုးစုရပ်တွင်(ဒုတိယအကြိမ်) ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အဆိုပါကျောင်းရှိ(ဒုတိယအကြိမ်)ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinovac)ထိုးနှံရန် ကျန်ရှိသည့်ကျောင်းသား၊ ကျောင်းသူ ၃၀ အား ကာကွယ်ဆေးထိုးနှံပေးခြင်းကို သက်ဆိုင်ရာကျန်းမာရေးဌာန တာဝန်ရှိသူများ၊ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းရှိ ဆရာ/ဆရာမများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဦးက အဆိုပါကျောင်းသား၊ ကျောင်းသူ ၃၀ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းနှင့် သက်သေခံလက်မှတ်များ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)