ငါးသိုင်းချောင်း  ၂   ဖေဖော်ဝါရီ 

 

ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ အောင်ဇေယျလမ်းရှိ မဟာစည်သာသနာ့ရိပ်သာ၌ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား မျက်စိနှင့်ပတ်သက်သော ရောဂါဝေဒနာများ အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ သုံးရက်တိုင်တိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

IMG_2019

 

အဆိုပါအစီအစဉ်ကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လာခဲ့ကြရာ(၇)  ကြိမ်တိုင်ခဲ့ပြီဖြစ်ပြီး ယခုနှစ်တွင် ဒေသခံပြည်သူများ၏ မျက်စိဝေဒနာများအား  မျက်စိနှင့် မျက်မှန်ပါရဂူ ဆရာဝန်ကြီးနှစ်ဦး ဦးဆောင်သောကုသရေးအဖွဲ့နှင့် ငါးသိုင်းချောင်းမြို့စက္ခုပါလ/ ကရုဏာအောက်စီဂျင် အခမဲ့ကူညီရေးအဖွဲ့ အစရှိသည့် ဒေသခံလူမှုရေး ပရဟိတအဖွဲ့များက ချိတ်ဆက်စုပေါင်းစီစဉ်ဆောင်ရွက်ပေးခဲ့ရာ  ယနေ့အထိ ဒေသခံမျက်စိဝေဒနာရှင်ပြည်သူ ၁၀ဝ ခန့် လာရောက်စစ်ဆေးကုသမှု ခံယူပြီးဖြစ်ကြောင်း၊  ဒေသခံပြည်သူ အလှူရှင်များမှလည်း ဆေးဝါးနှင့်မျက်မှန်အတွက် လှူဒါန်းမှုများလည်း ရှိနေကြောင်း ကရုဏာအောက်ဆီဂျင်အဖွဲ့ဝင် ဦးမောင်မောင်နိုင်က ပြောကြားထားကြောင်း သိရသည်။

 

စိုးမင်းဦး(ပြန်/ဆက်)

 

IMG_20190202_