ငါးသိုင်းချောင်းမြို့၌အာယုပါလဆေးနှင့်သွေးအလှူတော်အဖွဲ့က(mask)နှာခေါင်းစည်းများအားချိုသာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိ

mdn

ငါးသိုင်းချောင်း၊ ဩဂုတ် ၂

 

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ အာယုပါလဆေးနှင့်သွေးအလှူတော်အဖွဲ့က ဩဂုတ် ၂ ရက် နံနက်ပိုင်းမှစတင်ကာ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို  အဆင်ပြေချောမွေ့ ဈေးနှုန်းချိုသာစွာဝယ်ယူအသုံးပြုနိုင်စေရေးအတွက် (surgical mask )သုံးလွှာနှာခေါင်းစည်း အခု(၅၀)ပါတစ်ဘူးလျှင် ငွေကျပ်(၁၅၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍ အဆိုပါအစီအစဉ်ကို ကုန်ပစ္စည်းရရှိမှုအခြေအနေပေါ်မူတည်၍ ပြန်လည်ရောင်းချ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများကို ဒေသခံပြည်သူများဈေးနှုန်းချိုသာစွာအဆင်ပြေချောမွေ့စွာဝယ်ယူအသုံးစွဲနိုင်ရန်တတ်နိုင်သည့်ဘက်မှကူညီဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အာယုပါလအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

 

အာယုပါလဆေးနှင့်သွေးအလှူတော်အဖွဲ့အနေဖြင့်ငါးသိုင်းချောင်းမြို့ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ၌ပူးပေါင်းပါဝင်၍ လူနာတင်ယာဉ်များကူညီခြင်း၊ အသိပညာပေးပြန်ကြားရေးယာဉ်နှင့်လုပ်ငန်းများတွင်ပူးပေါင်းကူညီခြင်း၊ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ်အင်အားပါဝင်ကူညီခြင်းများကိုလည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 စိုးမင်းဦး(ပြန်/ဆက်)