ငါးသိုင်းချောင်း ၁၃ ဖေဖော်ဝါရီ
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် စာအုပ် စာစောင်ပြပွဲ၊နံရံကပ်စာစောင်နှင့်ဓါတ်ပုံပြပွဲကို ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဖေဖော်ဝါရီလ (၁၃)ရက် နံနက်ပိုင်းက ကျင်းပသည်။

ပြပွဲတွင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းဆောင်ရွက်မှု သမိုင်းဝင် မှတ်တမ်းဓါတ်ပုံများ၊ မိန့်ခွန်းနှင့်အဆိုအမိန့်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ ကျောင်းသား ကျောင်းသူများ၊ စာပေချစ်သူ (Club)အသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြပြီး မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြပွဲအကြောင်းအရာများအား လိုက်လံ ရှင်းလင်းပြသခဲ့သည်။

(၁ဝ၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို အခမ်းအနား တက်ရောက်လာသူ ကျောင်းသားကျောင်းသူနှင့် ဒေသခံပြည်သူများအား ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)
