ငါးသိုင်းချောင်း ၁၅ ဇွန်

           

ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မြို့စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေမီးသတ်စခန်း၊ သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရှေ့ဆောင်ရပ်ကွက်၊ အ.ထ.ကငါးသိုင်းချောင်းကျောင်းရှေ့ အနော်ရထာလမ်းနှင့် ဦးကဲလမ်းတွင် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများနှင့် အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်နိုင်ရေး သတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ကျောင်းအုတ်တံတိုင်းဝန်းကျင်ရှိ ပြိုလဲသစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

2

 

 စိုးမင်းဦး(ပြန်/ဆက်)