ငါ့သရောက်   ၁၈   မတ် 

           

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် မတ်လ ၁၈ ရက်နေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ် ဆက်လက်ဖြေဆိုရာ ဖြေဆို သူ ၉၁၈ ဦးရှိပြီး လာရောက်ဖြေဆိုသူ ၈၇၁ ဦးရှိကာ ဘာသာရပ်အားလုံး မဖြေဆိုပျက်ကွက်သူ  ၄၇ ဦး ရှိကြောင်းသိရသည်။

           

ငါ့သရောက်မြို့ တက္ကသိုလ်ဝင် စာမေးပွဲစာရင်းရှိ စာဖြေ ကျောင်းသားကျောင်းသူ ဦးရေ ၉၁၈ ဦး ရှိရာ လာရောက်ဖြေဆိုသူ ၈၇၁ ဦးရှိ၍ ၄၇ ဦးပျက်ကွက်ခဲ့ကြောင်း သိရပြီး ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ် ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။

 

ဖလန်ကန်ကျေးရွာ (အထက-ခွဲ)၊ တောင်တောကျေးရွာ (အထခွဲ)၊ အိုရင်း ကျေးရွာ (အထက-ခွဲ)၊ ကုလားတဲကျေးရွာ (အထက-ခွဲ)၊ ကူတောကျေးရွာ (အထကခွဲ)၊ ဝက်လူးကျေးရွာ (အထကခွဲ)၊ သနပ်ပင်ကျေးရွာ (အထကခွဲ)၊ ကမ္မကျေးရွာ (အထကခွဲ) နှင့်ငါ့သရောက်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြရာ ဖြေဆိုသူ ၉၇.၁၆ ရာခိုင်နှုန်းဖြေဆိုကြကြောင်း ငါ့သရောက်မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း ထံကသိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း