ငါ့သရောက်  ၂၂  ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အကူအညီဖြင့် ယနေ့ နံနက် ၁၀ နာရီက ဒေသခံတောင်သူများအား မြေပဲမျိုးစေ့များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

“တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီပြီး ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျောညီထွေရှိတဲ့ မြေပဲစိုက်ပျိုးထုတ်လုပ်နိုင်ရေး မကွေး(၁၆)အထွက် ကောင်းပင်ထောင်မြေပဲမျိုးနှင့် ဆင်းပဒေသာ (၁၀)အထွက် ကောင်းပင်ထောင်မြေပဲမျိုးစေ့ တင်း (၆၀၀)အား စိုက်ပျိုးဧက ၁၀၀ အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏အကူအညီဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း” ငါ့သရောက်မြို့ စိုက်ပျိုးရေးမန်နေဂျာ ဦးအောင်မြင့်ထွေးက ပြောသည်။

 

ငါ့သရောက်မြို့နယ်တွင် မြေပဲစိုက်ပျိုးထုတ်လုပ်မှုတွင် အသည်းကင်ဆာနှင့် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားစေနိုင်သော (Aflatoxin)မှိုအား ဖယ်ရှားထုတ်လုပ်နိုင်ရေးအတွက် အစားအသောက် ဘေးကင်းလုံခြုံရေး စီမံကိန်း (Food Safety Project)ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ငါ့သရောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖေလိန်း(ပုဂံ)