ငါ့သရောက်၊ အောက်တိုဘာ  ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့အတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်အသိပညာပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။

 

ဖြိုးဝေအောင်(ငါ့သရောက်)